ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးသိန်းမောင်သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များ၌ အသင့်ဖျော်လက်ဖက်ရည်ထုပ်နှင့် ကော်ဖီထုပ်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကုန်မျိုးစုံရောင်းချနေသောပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော အသင့်ဖျော်လက်ဖက်ရည်ထုပ်နှင့်ကော်ဖီထုပ်များ၊ FDA ၏ ထောက်ခံချက်ပါဝင်သော အသင့်ဖျော်လက်ဖက်ရည်ထုပ်နှင့် ကော်ဖီထုပ်များရောင်းချနေခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ရာ ကိုက်ညီမှန်ကန်မှုရှိကြောင်း ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)