Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးစိုက်ခင်းများပိုးကျခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခြင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးရှိ အချို့မြို့နယ်များတွင် စိုက်ပျိုးပြီးစပါးပင်များနှင့်၊ဖုံးချိန်လုံးချိန် အချိန်များ၊ စပါးနှံများထွက်ရှိသည့်အချိန်များတွင် ဒေသအခေါ်အဝေါ်အရ(ဖြုတ်ပိုး)ဟုခေါ်သောပိုးများ ကျခြင်းကြောင့် စပါးပင်အရွက်များခြောက်သွေ့ပြီးသေသွားခြင်း၊ ထွက်ရှိနေသောစပါးနှံများအားစားသုံးကိုက်ဖြတ်ခြင်း၊ စပါးနှံတစ်နှံလျှင်အစေ့(၅၀)ရှိခဲ့သော်အောင်မြင်သောအစေ့မှာ(၅)စေ့မျှလောက်သာရရှိခြင်း၊ ထိုပိုးများအားပိုးသတ်ဆေးဖျန်းရာဆေးဖျန်းချိန်တွင်ရှိနေသောပိုးများသာသေပြီး ကျန်ရှိနေသော ပိုးဥများမှထပ်မံပေါက်ဖွား၍(၃)ရက်လျှင်တစ်ကြိမ် တစ်ပတ်လျှင် (၃)ကြိမ်ဖျန်း ရခြင်းကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ ရရှိလာသောစပါးများမှာ ယခင်ကတစ်ဧကလျှင် (၈၀/၁၀၀)တင်းထွက်ရှိခဲ့သော်လည်း၊ ပိုးများဖျက်စီးမှုကြောင့်စပါးအထွက်မှာ တစ်ဧကလျှင် အများဆုံး(၁၅)တင်းခန့်သာရရှိခြင်းတို့ကြောင့် လယ်လုပ်သူတောင်သူလယ်သမားများမှာ အခက်အခဲများစွာရှိကြောင်းနှင့် ယခုနှစ်ဆုံးရှုံးမှု့များမှာ အလွန်များပြားကြောင်း တောင်သူလယ်သမားများထံမှသိရှိရပါသည်။
DOCA(ဧရာဝတီ)