Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲကြီးကြပ်ရေးကော်မတီ အသင်းနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရှိပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျ ပြေးဆွဲကြီးကြပ်ရေးကော်မတီအသင်း ဥက္ကဌဦးသန်းအောင်နှင့် မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီရုံးတွင်တွေ့ဆုံကာ မော်တော်ယာဉ်များစနစ်တကျပြေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးဆောင်ရွက်ရာတွင် ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေးအသင်း ဥက္ကဌမှ အဖွဲ့ဝင်များ သက်သာချောင်ချိရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းဘာသာ၊ သာသနာ၊ လူမှုရေးကိစ္စများ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အသင်းကို ယခင်ကအသင်းဝင်(၃၀)ဦးဖြင့်ဖွဲ့စည်း ထားပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင်လည်း မော်တော်ယာဉ်များစနစ်တကျပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အသင်း၏ဖွံ့ဖြိုးတိုးတက်မှုကိုဆက်လက်ဆောင်ရွက်လျက် ဒေသဆိုင်ရာအဖွဲ့ အစည်းများနှင့်လည်းပူးပေါင်းဆောင်ရွက်လျက် မော်တော်ယာဉ်များစနစ်တကျပြေးဆွဲနိုင်ရေး၊ အသင်း အနေဖြင့်အသင်းတိုးတက်ရေးတွင်လည်း အခက်အခဲမရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းအား ၁.၇.၂၀၂၄ နေ့တွင် အသင်းဝင်(၁၂၅)ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ရွာလယ်ရပ်ကွက်ရှိ ရွှေခယ်ဧရာ အဝေးပြေးကားဝန်းတွင် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)