Main menu

မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်များကို အသိပညာပေးခြင်း

Powered by Drupal

           (၁၁-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅း၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်ထွန်းနှင့်အဖွဲ့သည် မအူပင်ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ မအူပင်မြို့နယ်အတွင်း Online Shop ရောင်းချသူလုပ်ငန်းရှင် (၁၈)ဦးနှင့်တွေ့ဆုံ၍ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်းလိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေးရှင်းလင်းဟောပြောခဲ့ပါသည်။

            ထိုသို့အသိပညာပေးဆွေးနွေးရာတွင် ခေတ်မီလာသော ယနေ့ခတ်ကာလတွင် စားသုံးသူတို့သည် ကုန်စည်နှင့် ဝန်ဆောင်မှုတွေကို အွန်လိုင်းမှဝယ်ယူပြီး အသုံးပြုလာကြသဖြင့် စားသုံးသူအများပြည်သူများ အွန်လိုင်းမှဝယ်ယူမှုများ၊ နစ်နာမှုလိမ်လည်ခံရမှုများမရှိစေရန် အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်မှုကို ထိန်ကြောင်းဆောင်ရွက်နိုင်ရန် ဥပဒေဖြင့်ကာကွယ်ပေးနိုင်ရန် အစိုးရဌာနအသီးသီးက သက်ဆိုင်ရာဥပဒေစည်မျည်းစည်းကမ်းများထုတ်ပြန်ပြီး ထိန်းကြောင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကိုထုတ်ပြန်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချသော လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ်သတ်မှတ်ပြီး မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာဆောင်ရွက်ခွင့်ရှိသော လုပ်ငန်းအဖြစ်သတ်မှတ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်နိုင်စေရန် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၆လအတွင်း ပြင်ဆင်ချိန်ကာလကို သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ သတ်မှတ်ချိန်ကာလပြည့်မြောက်သည့်နေ့မှာ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းမရှိဘဲ ရောင်းချခြင်းမျိုးကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ -၅ ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များသိရှိနိုင်ရန်  အသိပညာပေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်ပြီးရောင်းချသောလုပ်ငန်း၏ အားသာချက်များနှင့် အောင်မြင်သော စီးပွားရေးတာဝန်ယူမှု ၊ တာဝန်ခံမှုရှိသော လုပ်ငန်းဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားရန် လုပ်ငန်းလိုအပ်သောအချက်များနှင့် သတ်မှတ်ချက်များကို သိရှိနိုင်ရန် Shop vedio ဖြင့် ချပြရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များက သိလိုသည်များမေးမြန်းကြကာ ပြန်လည်ရှင်းလင်းပေးခဲ့ပြီး ဟောပြောပွဲကို နေ့လယ် (၁၄း၃၀) နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)