စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ၁၂-၁၀-၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်ရှိ အအေးခန်းစက်ရုံလုပ်ငန်းရှင် ဦးမောင်လှနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက စက်ရုံလည်ပတ်မှုအခြေအနေ၊ ကုန်သိုလှောင်ထားရှိမှုအခြေအနေ၊ လက်ရှိစက်ရုံလည်ပတ်မှုအခြေအနေများကိုဆွေးနွေးမေးမြန်းရာ စက်ရုံပိုင်ရှင်က လက်ရှိတွင် အအေးခန်း(၅)ခန်းဖြင့် လည်ပတ်လျက်ရှိပြီး အသစ်(၁)ခန်းထပ်မံတိုးချဲ့ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ၎င်းစက်ရုံအနေဖြင့် ငါးခြောက်များကို အဓိကသိုလှောင်ကြောင်း၊ ကုန်လှောင်သည့်ရာသီချိန်တွင် တစ်လလျှင် ပိဿာချိန်(၂)သိန်းခန့်သိုလှောင်ရကြောင်း၊ ယခုအချိန်တွင် ကုန်များကိုပြန်ထုတ်ပြီး ပြန်လည်ရောင်းချကြသဖြင့် ကုန်လက်ကျန်များလျော့နည်းနေကြောင်း၊ ဝန်ဆောင်ခအနေဖြင့် တစ်နေ့လျှင် (၁)ပိဿာသိုလှောင်ခ (၃)ကျပ်နှုန်းဖြင့်ဆောင်ရွက်လျက်ရှိပြီး လုပ်သား(၁၀)ဦးအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)