Main menu

“ သုံးခွမြို့နယ် "အဖွားလက်ရာ" အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်း စည်းသွပ်ဘူးများရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနမှ လူထုကျန်းမာရေးဆိုင်ရာ သတိပေးထုတ်ပြန်သည့် "အဖွားလက်ရာ" အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများတွင်ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ဖော်ပြထားသည့် အညွှန်းဖော်ပြချက်မှာ တူညီမှုမရှိဘဲ ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသဖြင့် စားသုံးသူများ နားလည်မှုလွဲမှားစေနိုင်သည့်အတွက် ပြည်တွင်းဈေးကွက်တွင် အဆိုပါကုန်စည်များရောင်းချနေခြင်းရှိ/မရှိ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် သုံးခွမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ပူးပေါင်း၍ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့်ရပ်ကွက်များရှိ ကုန်စုံဆိုင်၊ ကုန်ခြောက်ဆိုင်များသို့ "အဖွားလက်ရာ" အမှတ်တံဆိပ်ပါ စည်သွပ်ဘူးများရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဖော်ပြပါအညွှန်းဖော်ပြချက်ကွဲလွဲမှုရှိသည့် အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများအား ဈေးကွက်အတွင်း ဝယ်ယူရောင်းချမှုမပြုလုပ်ကြရန်နှင့် ရောင်းချမှုများအားစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်များသို့ သွားရောက်အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)