Main menu

“ သုံးခွမြို့နယ်တွင် စားအုန်းဆီဈေးနှုန်းအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ အထက်အကြီးအကဲများ၏လမ်းညွှန်မှုဖြင့် ပြည်လည်စိစစ်တင်ပြရန် ပြင်ပဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ပေါက်ဈေးရှိနေသည်ဆိုသည့် သတင်းအရ သုံးခွမြို့နယ်ဈေးကွက်အတွင်း အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ သုံးခွမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများက စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များမှ စားအုန်းဆီကိုယ်စားလှယ်ဆိုင်များဖြစ်သော အမှတ်(၁၂) စည်သူလမ်း၊ (၁၁)ရပ်ကွက်ရှိ ဦးအေးသွင်ကုန်စုံဆိုင်နှင့် အမှတ်(၉၄) အောင်သစ္စာလမ်း၊ (၄)ရပ်ကွက်ရှိ ဦးယဉ်မောင်လွင်စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စုံဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာတွင် သုံးခွမြို့နယ်စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီများကို အခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရန်အတွက် စားအုန်းဆီကိုယ်စားလှယ်များအား ကုမ္ပဏီမှတစ်ဆင့် သတ်မှတ်ခွဲဝေချထားပြီးဖြစ်သဖြင့် ရရှိသည့်စားအုန်းဆီခွဲတမ်းအလိုက် အပတ်စဉ်တနင်္လာနေ့တိုင်း သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဒေသအရောက် သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော သတ်မှတ်ရည်ညွှန်းဈေးများဖြင့် လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)