Main menu

“ ဒလမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးရောင်းချနေမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ပူးပေါင်း၍ ဒလမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အသင့်စာခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား အသင့်စားခေါက်ဆွဲခြောက်ထုပ်များရောင်းချရာ၌ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်၊ စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့် စားသောက်ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသည့် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်မပါရှိသော၊ သက်တမ်းကုန်ဆုံးနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)