Main menu

လေးမျက်နှာမြို့နယ်တွင် မိုးစပါး(ခ)ကောက်စောမိုးစပါး ရိတ်သိမ်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၌ ၂၀၂၄တွင် မိုးစပါးကို ဟင်္သာတမြို့နယ်တွင် (၆၆၆၅၄) ဧက၊ ဇလွန်မြို့နယ်တွင် (၃၀၅၄၆)ဧကနှင့် လေးမျက်နှာမြို့နယ်တွင် (၃၀၂၄၅)ဧက၊ စုစုပေါင်း (၁၂၇၄၄၅)ဧက စိုက်ပျိုးကြပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ ပဲတီစိမ်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြပါသည်။ လေးမျက်နှာမြို့နယ်၏ တစ်ချို့သောဒေသများတွင် မြစ်‌ရေများတက်သောကြောင့် ရေကျစိုက်ပျိုးခြင်းကိုလည်း လုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသောစပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခ၊ GW-11 ၊ ရွှေသွယ်လေး ၊မှော်ဘီ ၃ ၊ ရက်(၉၀)၊ ရွှေဧရာ၊ ပခန်း စသောမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။
၂၀၂၄ ခုနှစ် မေလ နောက်ဆုံးပတ်တွင် စိုက်ပျိုးသော မိုးစပါးများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် စတင်ထွက်ရှိလာကြပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာ မြို့နယ်တာဝန်ခံသည်(၆.၁၀.၂၀၂၄)နေ့တွင် ၂၀၂၄ ခုနှစ်ထွက် ကောက်စောမိုးစပါးရိတ်သိမ်းသော လေးမျက်နှာမြို့နယ်၊ ပိန်းအင်းအုပ်စု၊ ဟံသာအေးကျေးရွာရှိ၊ တောင်သူဦးလွင်နိုင်ဦး၏ ဆင်းသုခ စပါးမျိုးစိုက်ပျိုးထားသော လယ်(၉.၀၀)ဧကသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ တစ်ဧကလျှင် ပျမ်းမျှအစိုဓါတ် ရာခိုင်နှုန်း(၂၄-၃၀)ကြားရှိပြီး (၅၅)ပေါင် တင်း(၉၀)ပျှမ်းမျှ ထွက်ရှိကြောင်းသိရှိရ ပါသည်။ ကွင်းပေါက်ဈေးမှာ အစို(၅၅)ပေါင် တင်း(၁၀၀)လျှင် (၁၅ သိန်းကျပ်)ဝန်းကျင်ဈေးဖြင့် ရောင်းချရပြီး ကုန်သည်များမှ ကွင်းအရောက်ဝယ်ယူကြောင်း တောင်သူ ဦးလွင်နိုင်ဦးမှ ပြောကြား ပါသည်။
DOCA(ဧရာဝတီ)