စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ လက်ရှိရာသီဥတုအခြေအနေများကြောင့် တိုင်းအတွင်းစားသုံးသူပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးတို့အတွက် တိုင်းဒေသကြီးတချို့မှထွက်ရှိသည့် စားသောက်ကုန်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှထွက်ရှိသော ကုန်စည်များနှင့် တိုင်းပြင်ပမှဝင်ရောက်နေသည့် ကုန်စည်များ၏ နေ့စဉ်ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် (၁၅-၁၀-၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားဖိုဆောင်ကုန်ဈေးနှုန်းများကို အရှေပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်း၍ ပုဇွန်တောင်မြို့နယ်ဈေးအတွင်းရှိ စားဖိုဆောင်သုံးပစ္စည်းအမျိုးမျိူးဖြစ်သော ဆီ၊ ဆန်၊ဆား၊ ငရုတ်၊ ကြက်သွန်နီ/ ဖြူ၊ ကုလားပဲ၊ အာလူး၊ သကြား စသည်တို့ကို ဈေးနှုန်းစာရင်းကောက်ယူလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)