Main menu

မအူပင် မြို့တွင် ရောင်းချနေသော သစ်သီးဝလံ ဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်း  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် အခွန်လွတ်ဈေးနှင့် မအူပင်မြို့ပေါ် ရောင်းချနေသော  သစ်သီးဝလံ အသီးအနှံများကို ရန်ကုန်မြို့မှ မှာယူရောင်းချကြောင်း၊ နဂါး မောက်သီး အလုံးအကြီး(၂၀၀၀) အသေး(၁၅၀၀) သောင်းပြောင်းအလုံးအရေအတွက် (၁၀၀)ပါ တစ်အိတ် လျှင် ငွေကျပ်(၁၇၀၀၀၀)ဖြင့်ဝယ်ယူရသည့်အတွက် တစ်လုံးလျှင် အကြီးအသေးခွဲ၍ ရောင်းချ ကြောင်း၊ ကျွဲကောသီး (၂၅၀၀) ပန်းသီး အသေးတစ်လုံး (၁၅၀၀)၊  ပန်းသီးအကြီး (၁၈၀၀)ကျပ်၊ စပျစ်သီး ၁၀သား (၃၅၀၀)ကျပ်၊ ဖရဲသီး တစ်လုံး (၂၅၀၀)ကျပ်ဈေးဖြင့် စားသုံးသူပြည်သူများထံသို့ ရောင်းချနေပြီး  ရောင်းချရာတွင် အလုံးအကြီး/ အသေးပေါ်မူတည်၍ ဈေးနှုန်းခွဲ ရောင်းချပြီး အသီး(၁၀၀) ပြတ်ဈေးဖြင့် ရန်ကုန်သီရိမင်္လာဈေး၊ မှ မှာယူကာ အလုံး ၁၀၀ ပါ ခြင်း၊ အိတ်တို့ဖြင့် တစ်အိတ်ကုန်လျှင် အကျိုးအမြတ်အနေဖြင့် အနည်းဆုံး ကျပ်(၂၀၀၀၀)ခန့် နှင့် အများဆုံး (၄၀၀၀၀)ကျပ်ခန့်သာ ရှိကြောင်း မအူပင် အခွန်လွတ်စည်ပင်သာယာဈေး ကုန်စိမ်းသီးနှံအစုံ ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

      မအူပင်မြို့တွင် ဟင်းသီး ဟင်းရွက်သာစိုက်ပျိုးကြပြီး ယခုလို သစ်သီးဝလံ၊ အသီးအနှံများကို ရန်ကုန်မြို့ မှသာ မှာယူရောင်းချနေရကြောင်း အခြားဒေသထွက် နဂါးမှောက်သီးနှံကို မအူပင်မြို့တွင် စိုက်ပျိုးနေကြောင်းလဲ သီးနှံရောင်းချသူတစ်ဦး ပြောပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)