Main menu

ပဲခူးခရိုင်အတွင်းရှိ အသင့်စားစည်သွပ်ဗူးအမျိုးမျိုးပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းဆင်းစစ်ဆေး

Powered by Drupal

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းနှင့်အဖွဲ့သည် (၁၀.၁၀၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ မြို့ပေါ်ရှိ mart များသို့ သွားရောက်၍ အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသား ကွဲလွဲမှုရှိ/ မရှိ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများပေါ်တွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များ တူညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းပြည့်စုံ မှန်ကန်စွာဖော်ပြထားရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုသည်များရှိပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)