အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနသည် အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရသော ကမ္ဘာလုံးဆိုင်ရာအာကာသလုပ်ငန်းတွင် အမေရိကန်၏ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းလာစေရန်အတွက်ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည့် အာကာသနည်းပညာများအတွက် ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းများအပြောင်းအလဲကိုကြေညာခဲ့သည်။ စည်းမျဉ်းသစ်များသည် UK ၊ Canada နှင့် Australia အပါအဝင် မဟာမိတ်များထံသို့ ဂြိုလ်တုများ၊ လွှတ်တင်ယာဉ်များနှင့် အခြားသော အာကာသဆိုင်ရာနည်းပညာများကိုရောင်းချရန် အမေရိကန်ကုမ္ပဏီများအတွက် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ အပြောင်းအလဲများသည် အာကာသနည်းပညာအများအပြားကို လက်နက်များထက် စီးပွားဖြစ်ပစ္စည်းများအဖြစ် ပြန်လည်အမျိုးအစားခွဲမည်ဖြစ်ပြီး အလွန်တင်းကြပ်သော နိုင်ငံတကာလက်နက်စည်းမျဉ်း(ITAR) အရထိန်းချုပ်ထားသည့် Us Munitions List မှ စီးပွားဖြစ်ဂြိုလ်တုများကိုဖယ်ရှားကာ ၎င်းတို့ကို ပိုမိုပျော့ပြောင်းသော ကူးသန်းရောင်းဝယ်ရေးထိန်းချုပ်မှုစာရင်းအောက်တွင် ထားရှိမည်ဖြစ်သည်။ ITAR သည် အမျိုးသားလုံခြုံရေးစိုးရိမ်မှုများကြောင့် အာကာသနှင့်ပတ်သက်သည့် ကာကွယ်ရေးဆိုင်ရာနည်းပညာများတင်ပို့မှုကို ကာလရှည်ကြာ အုပ်စိုးခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲထားသော ITAR စည်းမျဉ်းများသည် ဂြိုလ်တုများနှင့် အာကာသယာဉ်ကဲ့သို့သော ဖြစ်နိုင်ချေရှိသော စစ်ရေးသုံး အာကာသစနစ်များအပါအဝင် ကာကွယ်ရေးဆိုင်ရာပို့ကုန်များအတွက် ကျယ်ပြန့်သောလိုင်စင်လုပ်ငန်းများလိုအပ်သည်။ ယင်းသည် အမေရိကန်အာကာသလုပ်ငန်း၏ နိုင်ငံခြားဈေးကွက်သို့ဝင်ရောက်ရန်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတွင်ပါဝင်ရန် မကြာခဏ အဟန့်အတားဖြစ်စေသည်ဟု ကုမ္ပဏီများကဆိုသည်။ ITAR နှင့်မတူဘဲ ကုန်သွယ်ရေးထိန်းချုပ်မှုစာရင်းအောက်ရှိ ပစ္စည်းများသည် နည်းပညာ၏အဆုံးသတ်အသုံးပြုမှုနှင့် လက်ခံရရှိသည့် နိုင်ငံအပေါ်အခြေခံ၍ လိုင်စင်ချပေးသည့် ဆုံးဖြတ်ချက်များနှင့်အတူ ပိုမိုသပ်ရပ်သော ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်ကိုလုပ်ဆောင်သည်။ ဤပိုမိုပြောင်းလွယ်ပြင်လွယ်သော ချဉ်းကပ်မှုသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလွယ်ကူချောမွေ့စေပြီး အမေရိကန်ကုမ္ပဏီများ အထူးသဖြင့် ဥရောပနှင့် အာရှတို့တွင် ဈေးကွက်အသစ်များဝင်ရောက်နိုင်စေမည်ဖြစ်သည်။
Source : Spacenews
DOCA(ရန်ကုန်)