Main menu

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှု စံချိန်တင်မြင့်တက်ခဲ့

Powered by Drupal

         သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၉၁၇သန်းဖိုးရှိပြီး တစ်လတာအတွင်း အမြင့်ဆုံးဖြစ်ကာ တစ်နှစ်ထက်တစ်နှစ် ၃၈% မြင့်တက်လာခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံသို့တင်ပို့မှုမှ ကန်ဒေါ်လာသန်း ၇၀၀ရရှိခဲ့ပြီး အဓိကတင်ပို့သည့်ပစ္စည်းများမှာ ငှက်ပျောသီး၊ နဂါးမောက်သီးနှင့် ဖရဲသီးတို့ဖြစ်သည်။ လက်ရှိအချိန်ထိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံနီးပါးရှိပြီး ယမန်နှစ် အလားတူကာလထက် ၃၄% တိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံသည် တင်သွင်းမှု ၃၈% မြင့်တက်ခဲ့ပြီး ထိပ်တန်းဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ထိုင်းနိုင်ငံသည် ဒေါ်လာ ၂၀၂သန်းဖြင့် နောက်မှလိုက်ကာ ယခင်နှစ်ထက် ၈၇% အထိမြင့်တက်ခဲ့သည်။ ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းအထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ဒူးရင်းတင်ပို့မှုသည် ၎င်း၏ပင်မရာသီဖြစ်သည့် အောက်တိုဘာလတွင် ထပ်မံတိုးလာမည်ဟု မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ ဆောင်းရာသီနီးလာချိန်တွင် နိုင်ငံအများအပြား ရိတ်သိမ်းမှုနှင့်ပတ်သက်၍ အခက်အခဲများကြုံတွေ့နေရသော်လည်း ဗီယက်နမ်၏ ရိတ်သိမ်းမှုအများစုမှ ထိခိုက်မှုမရှိသောကြောင့် အခြားသစ်သီးများတင်ပို့မှုမှာလည်း တိုးလာမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ကုန်းလမ်း၊ ရေကြောင်းနှင့် ရထားလမ်းချိတ်ဆက်မှုများသည် ကုန်ကျစရိတ်နှင့် ပို့ဆောင်ချိန်ကိုလျှော့ချရန် ကူညီပေးကြောင်းသိရသည်။ လက်ရှိတိုးတက်မှုနှုန်းနှင့် တရုတ်နိုင်ငံမှ ဝယ်လိုအားတိုးလာခြင်းကြောင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ယခုနှစ်တွင် ဒေါ်လာ ၇ဘီလီယံနှင့် ၂၀၃၀ခုနှစ်တွင် ဒေါ်လာ ၁၀ဘီလီယံထိအားကောင်းနေမည်ဟု ခန့်မှန်းထားသည်။ ဩဂုတ်လတွင် ဗီယက်နမ်သည် အအေးခံထားသောဒူးရင်းသီးနှင့် အုန်းသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုသည့် သဘောတူညီချက်တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး လယ်ယာထွက်ကုန် တင်ပို့မှုကိုတိုးမြှင့်ရန်ကြိုးပမ်းခဲ့သည်။

Source : vnexpress 

DOCA(ရန်ကုန်)