(၁၁-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အင်းစိန်မြို့နယ်အတွင်းရှိ One Stop Mart, Sein Gay Har, City Mart များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် One Stop Mart, Sein Gay Har, City Mart များရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍ ဆန်အရောင်းကောင်တာများတွင် ရောင်းချနေသောဆန်အမျိုးအစားအလိုက် ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ပြည်သူများအား ပြန်လည်ရောင်းချပေးနိုင်မှုတို့အား ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ရည်ညွှန်းဈေးကျော်လွန်၍ ရောင်းချပါကလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)