၁၅-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ Regency စက်သုံးဆီဆိုင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် Regency စက်သုံးဆီဆိုင်မှ တာဝန်ခံ ဦးအောင်နိုင်ဦး ပူးပေါင်းပါဝင်လျက် ဆိုင်တွင် LED ဘုတ်၌ ဈေးနှုန်းတင်ထားခြင်းရှိ/ မရှိ၊ ချင်တွယ်ရာတွင်လည်း လီတာများပြည့်ဝမှုရှိ/ မရှိ၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးများဖြင့် ရောင်းချခြင်းရှိ/ မရှိ၊ စက်သုံးဆီဘောင်ဆာအဝင်ရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ရာ ဈေးနှုန်း LED ဘုတ်တင်ထားပြီး လီတာများလည်းပြည့်ဝမှုရှိကြောင်း၊ သတ်မှတ်ထားသောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ဘောက်ဆာကားအဝင်များလည်းရောက်ရှိလျက်ရှိပြီး သက်ဆိုင်ရာဌာနများသို့ စာရင်းပေးပို့လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရသိရှိရပါသည်။
DOCA(ရန်ကုန်)