Main menu

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်မင်းလှမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ရောင်းချနေသောဟင်းသီးဟင်းရွက်များမှာ မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဝင်ရောက်သည့်အပြင် ပုတီးကုန်း၊ သဲကုန်း၊ ပေါင်းတည်စသည့်မြို့နယ်များမှလည်း ဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။
ထိုသို့ဝင်ရောက်ရာတွင် အောက်တိုဘာလဒုတိယပတ်အတွင်း ခရမ်းချဉ်သီး ၁ပိဿာ ၂၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်လျှင် (၁၅၀၀-၂၀၀၀) ကျပ်၊ ပန်းဂေါ်ဖီ ၁ထုပ် ၂၀၀၀ ကျပ်၊ အာလူး ၁ပိဿာ ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ရွှေဖရုံသီး အသေး၁လုံးလျှင် ၈၀၀ မှ ၁၀၀၀ ကျပ်၊ ဗူးသီး ၁လုံးလျှင် ၂၅၀၀ ကျပ်၊ ငရုတ်ပွ ၁ပိဿာ ၁၃၀၀၀ ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် ၂၀၀ ကျပ်၊ ပဲသီး ၁၀တောင့် ၁စည်းလျှင် ၄၀၀ ကျပ်၊ ကန်စွန်းရွက် ၁စည်းလျှင် ၂၀၀ ကျပ်၊ ခရမ်းရှည်သီး ၁လုံးလျှင် ၃၀၀ မှ ၄၀၀ ကျပ်၊ ဆလပ်ရွက် ၁စည်းလျှင် ၂၀၀ မှ၃၀၀ ကျပ်၊သံပုရာသီး ၁လုံးလျှင် (၁၀၀-၁၅၀)ကျပ်၊ ဖရဲသီး ၁လုံးလျှင် ၃၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း ၁ပိဿာလျှင် ၁၆၀၀ မှ ၂၀၀၀ ကျပ်၊ရုံပတီသီး ၁စည်းလျှင် ၂၀၀ မှ ၂၅၀ ကျပ်၊ငှက်ပျော်သီးဖီးကြမ်းသီးတစ်ဖီးလျှင်(၃၀၀၀)ကျပ်၊ ခဝဲသီး ၁တောင့်လျှင် ၄၀၀ မှ ၄၅၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(ပဲခူး)