မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်ဈေးအတွင်းရှိ စားအုန်းဆီရောင်းချနေသောဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်ဈေးမှ ဈေးတာဝန်ခံ ဦးလှသူ ပူးပေါင်းပါဝင်လျက် ဈေးအတွင်းရောင်းချနေသော ကုန်မျိုးစုံ (၃)ဆိုင်အားစစ်ဆေးခဲ့ရာ၌ နေ့စဉ်ရရှိသော ခွဲတမ်းများအား စားသုံးသူပြည်သူများသို့ တစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့်ရောင်းချကြောင်း၊ ဈေးနှုန်းမှာလည်း သတ်မှတ်ထားသောဈေးနှုန်းထက် ၂% အမြတ်သာတင်ရောင်းပြီး ချင်တွယ်ရာတွင်လည်းပြည့်ဝကြောင်း၊ ယခုရက်ပိုင်းအတွင်း ပိတ်ရက်များသောကြောင့် အဝယ်လိုက်ကြောင်း၊ ၎င်းနောက် စားအုန်းဆီများကိုသိုလှောင်မထားရန် စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)