(၁၅-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်များသို့ အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် ကုန်စုံဆိုင်(၃)ဆိုင်တွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုး၌ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိ /မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရပြီး ဆိုင်ရှင်များအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ကိုက်ညီမှုရှိသောကုန်စည်များကိုသာ စားသုံးသူပြည်သူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံစွာဖြန့်ဖြူးရောင်းချရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်အချက်များကိုလည်း လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)