Main menu

တိုက်ကြီးမြို့နယ်သို့ စားအုန်းဆီခွဲတမ်းရရှိမှု၊ ဖြန့်ဝေမှုများအားစိစစ်ခြင်း

Powered by Drupal

         တိုက်ကြီးမြို့နယ်တွင် ကုမ္ပဏီများမှရရှိသော စားအုန်းဆီခွဲတမ်း(၁၀၅)ပေပါကို ကုမ္ပဏီ(၄)ခုမှ တာဝန်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ လန်းလန်းဆန်းဆန်းကုမ္ပဏီမှ (၂၅)ပေပါ၊ မဟာဘုန်းလက်ရုံးမှ (၁၁)ပေပါ၊ လွင်မောင်မောင်ကုမ္ပဏီမှ (၃၂)ပေပါ၊ အောင်ဦးသာကုမ္ပဏီမှ (၃၇)ပေပါအသီးသီးရရှိကြပြီး တိုက်ကြီး (၁၀)ဦး၊ ဥက္ကံ (၂)ဦး၊ အဖျောက်(၅)ဦး  စသည့်ကိုယ်စားလှယ်များက ရပ်ကွက်/ ကျေးရွာအုပ်စုများ၊ ဈေးတွင်း/ ဈေးပြင်ရောင်းချသူများ၊ စားသောက်ဆိုင်နှင့် ဝန်ထမ်းများအား စနစ်တကျရောင်းချပေးလျက်ရှိပြီး အဓိကအားဖြင့် စားအုန်းဆီရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းများမပြုရန်တို့အတွက် ပူးပေါင်းဌာနများနှင့်အတူ အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)