
ဗီယက်နမ်နိုင်ငံရှိ ကွမ်းသီးဈေးနှုန်းများသည် တရုတ်နိုင်ငံမှ ဝယ်လိုအားအားကောင်းခြင်းကြောင့် အမြင့်ဆုံးသို့ စံချိန်တင်မြင့်တက်ခဲ့သည်။ Quang Ngai ၊ Dak Lak ၊ Tay Ninh ၊ Tien Giang နှင့် Kien Giang ကဲ့သို့သော ပြည်နယ်များတွင် ကွမ်းသီးတစ်ကီလိုလျှင် VND ၈၀၀၀၀- VND ၈၅၀၀၀ဖြင့်ရောင်းချလျက်ရှိသည်။ Bas Ninh နှင့် Nam Dinh ကဲ့သို့သော မြောက်ပိုင်းဒေသများ တွင်ဈေးနှုန်းများအကန့်အသတ်ကြောင့် တစ်ကီလိုဂရမ်လျှင် VND ၉၀၀၀၀အထိရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံသည် ကွမ်းသီးအဓိကစားသုံးသူဖြစ်ပြီး ဟိုင်နန်သည် နိုင်ငံကွမ်းသီးထွက်ရှိမှု၏ ၉၀ရာခိုင်နှုန်းကိုကိုယ်စားပြုပြီး ဝမ်နင်းကောင်ကတီက ထက်ဝက်ပိုပံ့ပိုးပေးသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ဝမ်နင်ရှိ ကွမ်းသီးပင်များ၏ ၈၀ရာခိုင်နှုန်းသည် အရွက်ဝါရောဂါကူးစက်ခံရပြီး ၂၀၁၄ခုနှစ်တွင် တန်ချိန်၂၂၀၀၀၀မှ ၂၀၂၄ခုနှစ်တွင် တန်ချိန်၄၀၀၀၀သို့ကျဆင်းသွားခဲ့သည်။ ဗီယက်နမ်ကွမ်းသီးများ တရုတ်တိုးမြင့်ဝယ်မှုနောက်ကွယ်မှ အဓိကအကြောင်းအရင်းမှာ ရိုးရာအစားအစာဖြစ်သော ကွမ်းသီးသကြားလုံးများထုတ်လုပ်မှုပင်ဖြစ်သည်။ The paper မှ ၂၀၂၀ စာရင်းဇယားများအရ တရုတ်နိုင်ငံတွင် ကွမ်းသီးနှင့်ဆက်စပ်သော ထုတ်ကုန်များရောင်းချမှုသည် နှစ်စဉ် ၂၀ရာခိုင်နှုန်းတိုးလာကြောင်းသိရသည်။ တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်မားမှုကြောင့် ဗီယက်နမ်နိုင်ငံရှိ ကွမ်းသီးဈေးသည် ၂၀၂၄ခုနှစ်တွင်မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ကာလရှည်ကြာစိုက်ပျိုးနေသော ဒေသများတွင် တောင်သူများအတွက် သိသာထင်ရှားသောဝင်ငွေကိုရရှိစေသည်။ သို့သော်လည်း တရုတ်ဈေးကွက်အပေါ် အလွန်အမင်းမှီခိုအားထားမှုသည် အန္တရယ်မျာရှိနေသည်။ တရုတ်နိုင်ငံမှ ဝယ်လိုအားကျဆင်းခြင်း သို့မဟုတ် ဈေးကွက်မတည်ငြိမ်မှုများနှင့် ကြုံတွေ့လာပါက ကွမ်းသီးဈေးနှုန်းသိသိသာသာကျဆင်းနိုင်ပြီး စိုက်ပျိုးသူများအတွက် ဆုံးရှုံးမှုများဖြစ်ပေါ်စေနိုင်သည်။ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဗီယက်နမ်လယ်သမားများသည် အရည်အသွေးစီမံခန့်ခွဲမှုအပေါ် အာရုံစိုက်ရန်လိုအပ်ပြီး ပို့ကုန်ဈေးကွက်များကွဲပြားစေရန်နှင့် ပြုပြင်ထားသောကွမ်းသီးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပေသည်။ အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှကိုချဲ့ထွင်ခြင်းနှင့် တန်ဖိုးထပ်တိုးလုပ်ဆောင်ခြင်းတို့ကိုမြှင့်တင်ခြင်းဖြင့် ကွမ်းသီးလုပ်ငန်းတွင် အန္တရာယ်များကိုလျှော့ချနိုင်ပြီး တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းသိရပါသည်။
Source: Vietnamnews
DOCA(ရန်ကုန်)