Main menu

သဘာဝကပေးသည့်ရတနာ(ခေါ်)မှိုဥနက်

Powered by Drupal

     တစ်နှစ်တွင် တစ်ခါသာ ပေါ်လေ့ရှိသည့် ရာသီစာမှိုဥနက်သည် မိုးရာသီကုန်ပြီး ဆောင်းရာသီ စတင်ဝင်သည့်အချိန်တွင် မှိုများပေါက်ရောက်ကြောင်း၊ အချို့သောသူများမှာ မှိုပေါက်သည့် အချိန်ကို မိမိတို့အမှတ်အသားများဖြင့် မှတ်သားထားကြောင်း၊ သစ်ပင်၏ အပင်ခြေရင်းများရှိ သစ်ရွက်ခြောက်/သစ်ရွက်ဆွေးများတွင်လည်းကောင်း၊ မြေလွတ်/မြေရိုင်းများတွင်လည်းကောင်း၊ မိမိတို့ နေထိုင်သည့် ခြံဝင်းများဘေးပတ်လည်ရှိ ခြံစည်းရိုးများတွင်လည်းကောင်း သဘာဝအလျောက် နေရာအနှံအပြား ပေါက်ရောက်လျက်ရှိပါသည်။

      ယခုနှစ်သည် မိုးလေဝသရာသီဥတုအရ မိုးနှောင်းကာလတွင် မိုးများအဆက်မပျက် ရွာသွန်းသော်လည်း မှိုများပုံမှန်ထွက်ရှိပြီး မှိုများ အများအပြားပေါက်ကြောင်း ၊ ရာသီစာ မှိုဉနက်ရှာဖွေရာတွင် နှစ်ယောက်ခြင်း (သို့မဟုတ်) အဖွဲ့လိုက်ရှာ‌ဖွေကြကြောင်း၊ ''မှိုရသည့် မျက်နှာ''ဟု ဆိုသည့် စကားပုံအတိုင်း မှိုများရှာတွေ့ရာတွင် တစ်ယောက်နှင့်တစ်ယောက် စနောက်ခြင်း၊ ပျော်ရွှင်ခြင်းဖြင့် ပျော်ပျော်ပါးပါး မှိုများရှာဖွေကြကြောင်း၊ ရရှိလာသည့် မှိုများကို မြေကြီးများ ပြောင်အောင် ဓားဖြင့်ခြစ်ပြီး သန့်ရှင်းအောင်ပြုလုပ်၍ ရောင်းပန်းလှအောင် ရောင်းချရကြောင်း၊  မှိုဥနက်များကို အိမ်တွင် စားသုံးခြင်း၊ မိတ်ဆွေများကို လက်ဆောင်ပေးခြင်းများ ပြုလုပ်ကြကြောင်း၊ မှိုအရွယ်အစား အပေါ် မူတည်၍ မှိုအဖူးအငုံ(၁)ပိဿာလျှင် (၃၀၀၀ဝိ/-) ကျပ်နှင့် မှိုအပွင့် (၁) ပိဿာလျှင် (၂၅၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သဘာဝအလျောက်ထွက်ရှိသည့် ရာသီစာမှိုဥနက်များကို ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပို ဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)