Main menu

ဓနုဖြူ ဦးဝေလင်းရှိန်၏ ကွမ်းစိုက်ခင်းနှင့် ဈေးနှုန်းကောင်းသောကွမ်း ဈေးကွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကွမ်းဈေးကွက် ကောင်းမွန်နေပြီး ကွမ်းစိုက်ပျိုးသူ ဒေသခံတောင်သူများက နှစ်စဉ်နီးပါး အကျိုးအမြတ်ရရှိနေကြောင်း လဗန်းကျေးရွာ အုပ်စု၊ ကျီချောင်းကျေးရွာ ဓနုဖြူမြို့နယ် ကွမ်းခြံပိုင်ရှင် ဦးဝေလင်းရှိန် ပြောပြချက်အရ သိရသည်။ နွေရာသီနှစ် မိုးရာသီများတွင်စိုက်ပျိုးသောကွမ်းများသည် အထွက်နှုန်းကောင်းပြီး ဆောင်းရာသီတွင် စိုက်ပျိုးသော ကွမ်းသည် အနည်းငယ် အထွက်နှုန်းကျဆင်းတက်ကြောင်း ပြောပြသည်။ ကွမ်းခြံပိုင်ရှင် စိုက်ပျိုးသော ကွမ်းခြံသို့ သွားရောက်၍ ကွမ်း စိုက်ပျိုးထွက်ရှိမှုကို လေ့လာမေးမြန်းခဲ့သည်။

    ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းတစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၁၀၀ ကျပ်၊ ဖြင့်ဝယ်ယူစိုက်ပျိုးရပြီး ကွမ်းညွှန်ပေါင်း ၃၆၀၀ညွှန့် စိုက်ပျိုးထားရှိပြီး အကျယ်အဝန်း ၀.၃ ဧကတွင် (၁၃)မြောင်း စိုက်ပျိုးထားကြောင်း သိရသည်။  ကွမ်းကို ၁လလျှင် ၃ကြိမ် ခူးဆွတ်၍ တစ်ခါခူးလျှင် (၂၀)ပိဿာ လောက်ထွက်ပြီးကြောင်း၊ စတင်စိုက်ပျိုးချိန် ကဆုန် ၊ နယုန် လောက်မှာစတင်စိုက်ပျိုး ပြီး ကွမ်းသက်တမ်းမှာ ၂နှစ်ရှိကြောင်း စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် အကျယ်အဝန်း ၀.၃ ဧကတွင် ငွေကျပ် ၂၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေ ဖြင့် ကွမ်းရွက်ကို ၁၅၀ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် ၂၀ ပိဿာခန့် ထွက်ရှိရာ တစ်လလျှင် ပိဿာချိန် ၆၀ ပိဿာ မှ ၈၀ ပိဿာ ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၀/- ဖြင့် ရန်ကုန်မြို့ ကွမ်းဒိုင်များသို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(ဧရာဝတီ)