Main menu

အိမ်တွင်းစီးပွားဖြစ် ယင်းကျစ်လုပ်ငန်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့်ဥယျာဉ်ခြံမြေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး၊ ဒေသတွင်းကုန်ထုတ်လုပ်ငန်းများဖြစ်သည့်  အသေးစားစက်မှု/ လက်မှုလုပ်ငန်းများလည်း လုပ်ကိုင်ကြပါသည်။  ထိုလုပ်ငန်းများအထဲမှ ဟင်္သာတမြို့၊နတ်မော်တိုက်နယ်၊ ကျုံတွမ်(ရွာမ)ကျေးရွာတွင် ယင်းကျစ်လုပ်ငန်းကို အိမ်တိုင်းစေ့နီးပါး တစ်ုင်တစ်ပိုင်လုပ်ကိုင်ကြရာ (၂၁.၁၀.၂၀၂၄)ရက်နေ့တွင် ကျုံတွမ်(ရွာမ)ကျေးရွာရှိ ဒေါ်ဝင်းဝင်းခိုင် ယင်းကျစ်ထုတ်လုပ်သည့်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်မှ သွားရောက်တွေ့ဆုံ၍ လုပ်ငန်းအခြေအနေများကိုကွင်းဆင်းလေ့လာခဲ့ပါသည်။ ယင်းကျစ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းရေဝါးများကို  ဧရာဝတီတိုင်းဒေသကြီးအတွင်း  တောင်ရိုး‌ဒေသများမှ ဝယ်ယူပါသည်။ ကုန်ကြမ်းအဖြစ်သုံးရသော  ရေဝါးများကို တစ်လုံးလျှင် ၈၀၀ ကျပ်ဖြင့် အလုံး(၂၅)ပါ တစ်စည်းလျှင် (၂၀၀၀၀)ကျပ်ဖြင့်ဝယ်ယူရပြီး မိမိတို့ဒေသအရောက်ဈေးဖြစ်ကြောင်း သိရှိရပါသည်။ ရေဝါး ၂၅ လုံးပါ (၄)စည်း အလုံး (၁၀၀)လျှင်  ၉ တောင် ၆တောင် ဆိုဒ် ယင်း(၃)ချပ် ရရှိပြီး လုပ်သား (၂)ဦး အသုံးပြုရပါသည်။ ယင်းအကြမ်း ၉ တောင် ၆တောင် (၁)ချပ်လျှင် ၄၅၀၀၀/- ကျပ်၊ အလှကျစ်ယင်း ၉ တောင် ၆ တောင် (၁)ချပ်လျှင် ၁၂၀၀၀၀/-ကျပ်အထိ ရရှိပြီး လုပ်ငန်းရှင်အနေဖြင့် ရေဝါး အလုံး(၁၀၀) ကုန်လျှင် ဝင်ငွေ  ၁၃၅၀၀၀/- ကျပ်မှ ၃၀၀၀၀၀/- ကျပ် ဝန်းကျင်အထိ ရရှိနိုင်ပါသည်။ ကျန်ရှိသောဝါးစများကို ငါးထောင်ယင်းအဖြစ်လည်း ပြုလုပ်ကြပါသည်။ ကုန်ကျစရိတ်အဖြစ် ယင်း(၃)ချပ်ပြီးလျှင် ရေဝါး ၁၀၀ လုံး (၈၀၀၀၀) ကျပ် နှင့် လုပ်သားခ (၂)ဦး ၂၀၀၀၀ ကျပ်နှုန်း၊ ယင်းချပ်တွင် အသုံးပြုရသော ကြိုးဖိုး ၅၀၀၀/-ကျပ် စုစုပေါင်း (၁၀၅၀၀၀/-) ကျပ် ကုန်ကျပြီး၊ ယင်း(၃)ချပ် ရောင်းရပါက အမြတ်ငွေ ၃၀၀၀၀/- ကျပ် ဝင်ငွေရရှိပါသည်။ အလှကျစ်ယင်းရောင်းရပါက ဝင်ငွေပိုမိုရရှိပြီး ထွက်ရှိလာသောယင်းချပ်နှင့် ငါးထောင်ယင်းများကို ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်ရိုးဒေသများသို့ အဝေးပြေးကားဂိတ်များမှတစ်ဆင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိပါသည်။ ယင်းသည် တောသဘာဝ လူသုံးများသောပစ္စည်းဖြစ်၍ တစ်နှစ်ပတ်လုံး ရာသီမရွေး လုပ်ကိုင်ရသောလုပ်ငန်းဖြစ်သည့်အတွက်  ပုံမှန်ဝင်ငွေကောင်းသည်ဟု လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)