
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်ရှိ Gasifier အသုံးပြုလည်ပတ်နေသော ဆန်စက်များအား ညွှန်ကြားချက်များနှင့်အညီ လိုက်နာသုံးစွဲမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ( ၁၅.၁၀.၂၀၂၄) နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးခြင်းကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရဲမြင့်ဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဟင်္သာတခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်တို့ ပါဝင်သောအဖွဲ့သည် ဟင်္သာတစက်မှုဇုန်ရှိ Gasifier အသုံးပြုဆန်စက် (၃) စက်၊ ဒူးယားမြို့ရှိ Gasifier အသုံးပြုဆန်စက် (၃) စက်၊ ဇလွန်မြို့နယ်ရှိ Gasifier အသုံးပြုဆန်စက် (၁) စက်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ဆန်စက်များတွင် အသုံးပြုနေသော Gasifier များရေဆိုးစွန့်ပစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ရေစစ်ကန် ၃ကန် ပြုလုပ်ထားရှိမှု၊ ရေစစ်ကန်များတွင် အဆင့်လိုက် အသုံးပြုရမည့် အုတ်ခဲကျိုး၊ ကျောက်စရစ်၊ မီးသွေးတို့ကို အဆင့်ဆင့်ဖြတ်သန်းပြီးမှ ပတ်ဝန်းကျင်သို့ စွန့်ထုတ်စေမှုအခြေအနေများအားစစ်ဆေးခဲ့ပြီး၊ ရေစစ်ရာတွင်အသုံးပြုသော အုတ်ခဲကျိုး၊ ကျောက်စရစ်၊ မီးသွေးတို့ကို လဲလှယ်အသုံးပြုရန်နှင့် ရေဆိုးများကို ညွှန်ကြာချက်များနှင့်အညီလိုက်နာ၍ စနစ်တကျစစ်ထုတ်ပြီးသောရေများကိုသာ စွန့်ထုတ်စေရေးတို့ကို စိစစ်လမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)