Main menu

မကွေးမြို့ရှိ ကလေးအသုံးအဆောင်နှင့်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး မကွေးမြို့ပေါ်ရှိ ကလေးအသုံးအဆောင်ပစ္စည်း အမျိုးမျိုး အရောင်းဆိုင်များအား (၁၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

             ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်များ၊ ဆေးဝါးများ၊ အလှကုန်ပစ္စည်းများအား စဉ်ဆက်မပြတ်စျေးကွက်စောင့်ကြည့်စစ်ဆေးလျှက်ရှိရာ ၂၀၂၄-ခုနှစ်၊ အောက်တိုဘာလအတွင်း ဦးစားပေးကုန်စည်အဖြစ် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/ မရှိ စစ်ဆေးခဲ့ရာ ကလေးအသုံးအ‌ဆောင်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ တစ်ရှူးနှင့် ကလေးတစ်ခါသုံးသေးခံဘောင်းဘီများ၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မကွေး)