
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အဖွားလက်ရာအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသော အသားဟင်း၊ ငါးဟင်းဆီသွပ်ဗူးများရောင်းချခြင်းရှိ/ မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကုန်စုံဆိုင်ရှင်များအား ကုန်စည်များတွင် ဖော်ပြပါရှိသော ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူများနားလည်လွယ်သည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြပါရှိရမည်ဖြစ်ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆိုင်ရှင်များအား အသေးစိတ်ရှင်းလင်းပြောကြား၍ အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဈေးကွက်အတွင်း ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပါသည်။
DOCA(မကွေး)