Main menu

တောင်ငူမြို့ ဆေးဆိုင်ကြီးများတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများဖြစ်သော ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် ဦးစီးမှူး ဦးစောသန်းထိုက်ကျော်တို့သည် ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် တောင်ငူမြို့ပေါ်ရှိ ဆေးဆိုင်ကြီးများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

        ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်ကြီးများ၌ တရာမဝင်ဆေးဝါးများ၊ ရက်လွန်ဆေးဝါးများနှင့် စပ်ဆေးများ ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရန်၊ အလေးထား၍ရောင်းဝယ်ကြရန် ဆေးဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား  အသိပညာပေးပြောကြားခဲ့ပါသည်။

            ပူးပေါင်းအဖွဲ့တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာနီလာခင်တို့ ဦးဆောင်သော အဖွဲ့ဝင်များပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)