
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယ ဦးစီးမှူး ဦးနေစိုးထက်တို့သည် အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့၌ ရောင်းချသော စည်သွတ်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။
တောင်ငူမြို့နယ်တာဝန်ခံဦးဆောင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ မြို့မဈေးကြီး နှင့် Win Mart အရောင်းစင်တာတို့၌ ရောင်းချသော စည်သွတ်အစားအစာများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးရာကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြချက်များ ကွဲလွဲမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးကျော်လင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးခေါင်း-၄ ဦးဆန်းသွင်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်မျိုးလွင်တို့ ဦးဆောင်သောအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)