Main menu

ပန်းတောင်းမြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များသို့ကွင်းစစ်ဆေးခြင်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ (၂၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများသည် အခြားမိတ်ဖတ်ဌာနဆိုင်ရာများဖြစ်သော ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်စိုးနှင့် ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒေါ်မေသဇင်ဦး (ဒု-ဦးစီးမှူး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ် ဖြူစင်သင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံဦးနေလင်း စသ့အဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြန်မာ(Register) ပါရှိမှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးများရှိ/ မရှိ၊ စပ်ဆေးများရောင်းချမှုရှိ/ မရှိနှင့် သုံးရာသီအမှတ်တံဆိပ် ကိုယ်ပူချောင်းဆိုး၊ နှာဆေးပျောက်ဆေး၊ အကြောပြေတံဆိပ်ဖြင့် အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးတံဆိပ်ဖြင့် ပန်းနာရင်ကြပ်ပျောက်ဆေး၊ အရိုးအကြောအဆစ်အမြစ်ကိုက်ခဲခြင်းများအတွက် မှင်ရောဂါပျောက်ကင်းသော ဆေးများရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ရောင်းချမှုမရှိပါကြောင်းနှင့် ဆေးနှုန်းအဆမတန်ရောင်းချမှုများမရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများလည်းမရှိကြောင်း အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)