Main menu

ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဆိုင်များကွင်းဆင်းစစ်ဆေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ (၂၁.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲတို့နှင့်ပူးပေါင်း၍ လက်ပံတန်းမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များသို့သွားရောက်၍ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိ၊ ပစ္စည်းပြတ်လတ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            အဆိုပါ ဓာတ်မြေဩဇာဆိုင်များနှင့် ပိုးသတ်ဆေးဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ရာတွင် ဈေးနှုန်းများမြှင့်တင်၍ ရောင်းချမှုမရှိပါကြောင်းနှင့် ပစ္စည်းများပြတ်လတ်မှုမရှိပါကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(ပဲခူး)