Main menu

လာမည့်ဆယ်စုနှစ်အတွင်း ရေနံဓာတုပစ္စည်းများတွင် ဒေါ်လာ ၈၇ဘီလီယံရင်းနှီးမြှုပ်နှံရန် အိန္ဒိယနိုင်ငံမှ မျှော်မှန်းထား

Powered by Drupal

နိုင်ငံ၏ ရေနံဓာတုပစ္စည်းဝယ်လိုအားကိုဖြည့်ဆည်းပေးရန်အတွက် လာမည့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ၈၇ဘီလီယံတန်ဖိုးရှိရင်းနှီးမြှုပ်နှံမှုများကို အိန္ဒိယနိုင်ငံမှရရှိရန် မျှော်လင့်ထားကြောင်း နိုင်ငံ၏ ရေနံဝန်ကြီး Hardeep Singh Puri က အောက်တိုဘာလ ၁၈ရက်နေ့တွင်ပြောကြားခဲ့သည်။ လူလတ်တန်းစားများပိုများလာသည်နှင့်အမျှ ရေနံဓာတုဗေဒပစ္စည်းအမျိုးမျိုးအတွက် ဝယ်လိုအားမှာ သိသိသာသာမြင့်တက်လာကြောင်း Puri က မွမ်ဘိုင်းရှိ India Cherm 2024 ပွဲ၌ ပြောကြားခဲ့သည်။ အိန္ဒိယသည် နှစ်စဉ် ရေနံဓါတုဗေဒထုတ်ကုန်မတ်ထရစ်တန် ၂၅မှ ၃၀သန်းအထိသုံးစွဲနေပြီး လက်ရှိတန်ဖိုး ကန်ဒေါ်လာ ၂၂၀ဘီလီယံရှိသော ရေနံဓာတုကဏ္ဍသည် ၂၀၂၅ခုနှစ်တွင် ဒေါ်လာ ၃၀၀ဘီလီယံအထိတိုးလာမည်ဟု Puri ကဆိုသည်။ အိန္ဒိယအစိုးရပိုင်နှင့် ပုဂ္ဂလိကရေနံကုမ္ပဏီများဖြစ်သည့် Nayara Energy နှင့် Haldia Petro Chemicals တို့သည် ထုတ်လုပ်မှုမြှင့်တင်ရန် အစီအစဉ်များကိုကြေညာထားပြီးဖြစ်သည်။ Haldia၊ ONGC နှင့် BPCL ကဲ့သို့သော ကုမ္ပဏီများသည် ဒေါ်လာ ၄၅ဘီလီယံရင်းနှီးမြှုပ်နှံမှုကို ကတိပြုထားပြီး မြင့်တက်လာသော ဝယ်လိုအားကိုဖြည့်ဆည်းရန်နှင့် နိုင်ငံ၏ကာဗွ‌န်လျေ့နည်းသော အသွင်ကူးပြောင်းမှုကိုချိန်ညှိရန် နောက်ထပ် ၁၀၀ဘီလီယံထပ်မံမျှော်မှန်းထားကြောင်း Puri မှ ပြောကြားခဲ့သည်။ အိန္ဒိယ၏ ရေနံဓာတုပစ္စည်းထုတ်လုပ်မှုသည် ၂၀၃၀ခုနှစ်တွင် တန်ချိန် ၂၉.၆၂ သန်းမှ တန်ချိန် ၄၆သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
Source : business-standard
DOCA(ရန်ကုန်)