Main menu

၂၀၂၃-၂၀၂၄ သီးနှံနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ဒေါ်လာ ၅ဘီလီယံကျော်ရှိလာ

Powered by Drupal

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့အထိကြာမြင့်ခဲ့သော ၂၀၂၃-၂၀၂၄ သီးနှံနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅ဘီလီယံကျော်လွန်သွားခဲ့ကြောင်းသိရသည်။ ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း(VICOFA) ဥက္ကဋ္ဌ Nguyeh Nam Hai သည် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံနှစ်တွင် ကော်ဖီတန်ချိန် ၁.၄၆ သန်းခန့်တင်ပို့ခဲ့ပြီး ၂၀၂၂-၂၀၂၃ သီးနှံနှစ်နှင့်နှိုင်းယှဉ်ပါက ၁၂.၁% လျေ့နည်းသွားကြောင်းပြောကြားခဲ့သည်။ ပမာဏလျေ့ကျသွားသော်လည်း ပို့ကုန်တန်ဖိုးသည် ၃၃.၁% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံအထိရောက်ရှိခဲ့ကာ ကော်ဖီရာသီတွင် အမြင့်ဆုံးအဆင့်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အကောက်ခွန်ဦးစီးဌာန၏အဆိုအရ စက်တင်ဘာလတစ်လတည်းတွင် ဗီယက်နမ်ကော်ဖီတစ်တန်လျှင် ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ ၅.၄၆၉ ဒေါ်လာရှိပြီး ယခင်လထက် ၅.၈% နှင့် ၂၀၂၃ခုနှစ် စက်တင်ဘာလထက် ၆၈.၇% မြင့်တက်ခဲ့သည်။ ၂၀၂၄ သီးနှံနှစ်တွင် ပျမ်းမျှပို့ကုန်ဈေးမှာ တစ်တန်လျှင် ၃၆၇၃ဒေါ်လာဖြစ်ပြီးယခင်နှစ်ထက် ၅၀% နီးပါးမြင့်တက်လာသည်။ ထိုသို့သောဈေးနှုန်းဖြင့် ကော်ဖီသည် ဗီယက်နမ်၏ အဓိကစိုက်ပျိုးရေးပို့ကုန်များကြားတွင် ဈေးနှုန်းအမြင့်မားဆုံးတင်ပို့သည့် ထုတ်ကုန်ဖြစ်လာခဲ့သည်။ ဥရောပသမဂ္ဂ(EU) သည် ၂၀၂၃-၂၀၂၄ ခုနှစ်သီးနှံနှစ်တွင် ဗီယက်နမ်၏ အကြီးဆုံးကော်ဖီတင်ပို့သည့် ဈေးကွက်အဖြစ်ရပ်တည်ခဲ့ပြီး ပမာဏမှာ ၈.၆% ကျဆင်းခဲ့သော်လည်း တန်ဖိုး ၄၁% မြင့်တက်ခဲ့သည်။ ဂျာမနီ၊ အီတလီနှင့် စပိန်တို့သည် လွန်ခဲ့သည့်ရာသီတွင် ဗီယက်နမ်၏ ထပ်တန်းကော်ဖီတင်ပို့ရောင်းချသည့် ဈေးကွက်သုံးခုအဖြစ်ရပ်တည်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၀၇သန်း၊ အမေရိကန်ဒေါ်လာ ၄၁၇သန်းနှင့် အမေရိကန်ဒေါ်လာ ၄၁၃သန်းတို့ အသီးသီးရှိခဲ့ကြသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် သီးနှံနှစ်နှင့်နှိုင်းယှဉ်ပါက ဂျာမနီမှ ၃၇%၊ အီတလီမှ ၃၀% နှင့် စပိန်မှ ၇၅% တိုးတက်မှုနှုန်းကိုမြင်တွေ့ခဲ့ရသည်။ အခြားဈေးကွက်များဖြစ်သော ဂျပန် (၃၈% မြင့်တက်)နှင့် ရုရှား (၂၀% မြင့်တက်) တို့သည် ပမာဏကျဆင်းနေသော်လည်း ပို့ကုန်တန်ဖိုးမှာ အားကောင်းခဲ့ကြောင်းသိရသည်။
Source : Vietnamplus
DOCA(ရန်ကုန်)