Main menu

တရားမဝင်ကုန်သွယ်မှု၏ အဓိပ္ပာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၁.၁၀.၂၀၂၄) ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(Community  Centre)ခန်းမ၌ တရားမဝင်ကုန်သွယ်မှု၏ အဓိပ္ပာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးခြင်း Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

           အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က တရားမဝင်ကုန်သွယ်မှုဆိုသည်မှာ တင်သွင်း/ တင်ပို့ခြင်းခွင့်ပြုမထားသော ကုန်ပစ္စည်းများအား သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ပြည်တွင်း/ ပြည်ပများအားတင်သွင်းခြင်း၊ တင်ပို့ခြင်းမပြုစေရေး၊ အတုအပတင်သွင်းခြင်း၊  ကုန်ပစ္စည်း၏တန်ဖိုးများအားလျော့ပြ၍ တင်သွင်းခြင်းများဖြစ်ကြောင်း၊ ဗဟိုကော်မတီဖွဲ့စည်းဖြစ်ပေါ်လာမှုအခြေအနေ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)