![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/151_9.jpg?itok=AxHz9-pV)
မွန်ပြည်နယ်တွင် အောက်တိုဘာလ တတိယအပတ်မှစ၍ ရော်ဘာခြံရှင်များအနေဖြင့် ရော်ဘာအစေးလှီးခြင်းကိုစတင်နေပြီဖြစ်ပါသည်။ ရောင်ဝယ်မှုအနေဖြင့် ပြည်နယ်တွင်းဝယ်ယူ လျက်ရှိသော လုပ်ငန်းရှင်များ၊ အဝယ်ဒိုင်များ၊ ကုမ္ပဏီများမှစုစည်း၍ ရန်ကုန်/ မန္တလေးရှိ ၎င်းတို့၏ကုမ္ပဏီကြီးများသို့တင်ပို့ပြီး ကုမ္ပဏီကြီးများမှတစ်ဆင့် ပြည်ပသို့တင်ပို့ရောင်းချကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ ယခုအောက်တိုဘာလ ၂၃ရက်နေ့တွင်မော်လမြိုင်မြို့၌ရော်ဘာဈေးနှုန်းမှာ RSS-3 တစ် ပေါင်လျှင် (၂၉၀၀ ) ကျပ်၊ RSS-5 တစ်ပေါင်လျှင် (၂၈၅၀) ကျပ် ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် (၂၅၀) ကျပ်၊ ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင် လျှင် (၁၇၅၀) ကျပ်ခန့် ဈေးနှုန်းတက်လာခဲ့သည်။ မော်လမြိုင်မြို့မှရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg ပါတစ်ထုပ်လျှင် (၂၅၀၀) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၅၀၀၀၀) ကျပ် ဖြင့်လည်းကောင်း မော်လမြိုင်မြို့မှ မန္တလေးမြို့ သို့ (50)kg ပါတစ်ထုပ်လျှင် (၃၆၀၀) ကျပ်၊ ရော်ဘာတစ်တန်လျှင် (၇၂၀၀၀) ကျပ်ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ကုန်သည်များ ထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)