Main menu

ဆိပ်ဖြူကြက်သွန်နီ အောက်တိုဘာ(ဒုတိယပတ်)၌ ဈေးနှုန်းမြင့်တက်လာ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးမှုများသောကျေးရွာများနှင့် အခြားမြို့ နယ်များဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှကုန်ချိန်ပိဿာ(၅)သောင်း၊ တစ်ပတ်အတွင်း ပိဿာ(၄) သိန်းခန့် ဆိပ်ဖြူကြက်သွန်နီပွဲရုံဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ ကြက်သွန်နီတောဈေး(ဂျွန်) တစ်ပိဿာကျပ်(၂၀၀၀ - ၁၄၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေနောင်း၊ ပွဲရုံများမှပြန်လည်သန့်စင်ပြီး ဥအကြီးအရွယ်အစား၊ အရောင်အဆင်းလိုက်၍ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၂၇၀၀ - ၂၀၀၀) ဈေးဖြင့် ဒေသတွင်းနေရာအနှံ့အပြား ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်၌ အရောင်းအဝယ်ဖြစ်မှုများပြီး ပြည်ပအဝယ်လိုက်လာ၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ နေ့စဉ် ဆိပ်ဖြူမြို့မှ ကြက်သွန်နီတင်ပို့မှု ကားအစီးရေ(၁၀)စီး၊ တစ်ပတ်အတွင်း အစီး(၅၀)ခန့် ကုန်စည်စီးဆင်းလျက်ရှိကြောင်း သိရသည်။

          ဈေးကွက်အနေဖြင့် ဒေသတွင်းကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ (၄)သိန်း၊ တန်ချိန်အားဖြင့် (၆၅၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ  သိရှိရပါသည်။

DOCA(မကွေး)