Main menu

ပခုက္ကူမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် (၁၀.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောကုန်စည်များကိုသာ ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများအန္တရာယ်ကင်းရှင်းစေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော အချိုရည်၊ မျှင်ငပိ၊ ပဲပုတ်၊ ယိုစုံများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/ မရှိနှင့် ကုန်အညွှန်းဖော်ပြချက်နှင့် ကိုက်ညီမှုမရှိဘဲ ကွဲလွဲသောစတစ်ကာများကပ်ထားသည့် အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ စားသောက်ကုန်များ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/ မရှိအား သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(မကွေး)