Main menu

AA Medical Products Co., Ltd အား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများပူးပေါင်း၍ ၂၂-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  အမှတ် (၁၇၃), မြနန္ဒာလမ်းနှင့် မြခွါညိုလမ်းထောင့်၊ သာကေတစက်မှုဇုန်ရှိ AA Medical Products Co., Ltd မှ  ဒေါက်တာကျော်မင်းဦးနှင့်တွေ့ဆုံ ၍ ကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးမေးမြန်းရာတွင် ကုမ္ပဏီမှ နှာမွန်ယားယံပျောက်ဈေး၊ အကိုက်ခဲပျောက်ဆေး၊ ဆီးချိုဆေး၊ ပိုးသတ်ဆေး(ထိုးဆေး)၊ ကလေးအားဆေး စသ်တို့ကို နိုင်ငံခြားဆေး ကုမ္ပဏီ(၃)ခုမှ ဝယ်ယူရောင်းချပြီး၊ ကုမ္ပဏီအနေဖြင့် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်းသိရှိရပြီး ဆေးဝါးများသိုလှောင်ထားခြင်းမပြုကြရန် ပြောကြားခဲ့ကြောင်းသိရှိရရှိပါသည်။

DOCA(ရန်ကုန်)