
အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၃-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်အတွင်းရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ စျေးကွက်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဆေးပြတ်လပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းစျေးကွက်အခြေအနေများ၊ ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သောက်သုံးရန်မသင့်သော ဆေးဝါးများရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်ဆေးဝါးများရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)