Main menu

“ ကော့မှူးမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး ပူးပေါင်းအဖွဲ့များဖြင့် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြိို့မဈေးအတွင်း/ အပြင်နှင့်ရပ်ကွက်များတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ခြောက်၊ ကုန်စိမ်းအရောင်းဆိုင်များနှင့် အခြားကုန်ပစ္စည်းအရောင်းဆိုင်များသို့ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီမှုအန္တရာယ်လျော့နည်းစေရန် ရည်ရွယ်၍ ဆိုင်ပိုင်ရှင်စီးပွားလုပ်ငန်းရှင်များနှင့် ဈေးဝယ်လာသော စားသုံးသူပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျော့နည်းရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာလ (၂၃) ရက်၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ဗိုချုပ်လမ်း၊ မြို့မရပ်ကွက်၊ စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်များရှိ ဈေးရောင်း၊ ဈေးဝယ် စားသုံးသူပြည်သူများနှင့်တွေ့ဆုံကာ အခြေခံစားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုကိုဖြစ်စေနိုင်သည့် ပလတ်စတစ်ပစ္စည်းအမျိုးမျိုးကို အလွန်အကျွံသုံးစွဲခြင်းများမပြုလုပ်ကြရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သော မိမိဒေသထွက်ပစ္စည်း ငှက်ပျောဖတ်၊ သစ်ရွက်သစ်ဖတ်များ၊ ကြာဖတ်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးဖြန့်ဖြူးရောင်းချကြရန်နှင့် စားသုံးသူပြည်သူများ အစားအစာများဝယ်ယူသုံးစွဲကြရာတွင် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် သန့်ရှင်းလတ်ဆတ်သော အသီးအရွက်၊ အသားငါးနှင့် အခြားစားသောက်ကုန်ပစ္စည်းများကိုသာ စနစ်တကျဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ပလတ်စတစ်အမှိုက်များစွန့်ပစ်ရာတွင်လည်း စနစ်တကျစည်းကမ်းရှိရှိစွန့်ပစ်ကြရန် ပူးပေါင်းအဖွဲ့မှတာဝန်ရှိသူများက ပလစ်စတစ်သုံးစွဲမှုလျေ့ကျစေရေးး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)