Main menu

ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ မိုးဦးစိုက်မြေပဲများ စတင်တူးဖော်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆီထွက်သီးနှံ မြေပဲစိုက်ဧက (၅၀၀၀)ခန့် စိုက်ပျိုးခဲ့ကြောင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများသည် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ မိသားစုစားသုံးဆီဖူလုံမှုအပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးတို့အတွက် မိုးဦးရာသီစိုက်ပျိုးချိန်တွင် မြေပဲသီးနှံကို အဓိကသီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးခဲ့ကြောင်း၊ (၃)လပဲပင်ထောင်မျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရှိရသည်။

       ယခုလက်ရှိအချိန်တွင် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် တပေါင်းအုပ်စု ကူရှည်၊ ရွာမအုပ်စု ကိုးတောင့်အုပ်စုအတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာလဆန်းပိုင်းမှစ၍ မြေပဲသီးနှံ များ စတင်ထွက်ပေါ်လျက်ရှိပြီး မြေပဲတောင့်S1 တစ်တင်းလျှင် ငွေကျပ်(၃၆၀၀၀-၃၄၄၀၀-၂၀၀၀၀)၊ မြေပဲလုံးဆံတစ်ပိဿာလျှင် ကျပ်(၈၀၀၀-၇၀၀၀)၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ်(၁၈၀၀၀) ဈေး အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် (၈)သိန်းခန့် ကုန်ကျပြီး အထွက်တင်းအနေဖြင့် ပျမ်းမျှတင်း(၅၀)ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ တောင်သူအများစုသည် ဆီထွက်သီးနှံများကို ကြိတ်ခွဲ၍ မြို့ပေါ်ရှိ ဆီစက် များ၊ ဆားလှော်လုပ်ငန်းရှင်များ၊ ဒေသခံစားသုံးသူများနှင့် ချောက်မြို့ အေဝမ်းပွဲရုံသို့လည်း  ရောင်းချလျက်ရှိကြောင်း၊ စိုက်တောင်သူများအနေဖြင့်  ယခုနှစ် မြေပဲအထွက်ကောင်းပြီး ငွေကျပ် (၁၀)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း ဆိပ်ဖြူမြို့နယ်၊ ကူရှည်အလယ်စုကျေးရွာအတွင်းရှိ စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)