Main menu

ဗီယက်နမ်သည် ကားတာယာထုတ်လုပ်ခြင်းအတွက် ကမ္ဘာ့အချက်အခြာနေရာအဖြစ်ပေါ်ထွက်လာ

Powered by Drupal

       ဗီယက်နမ်သည် ကားတာယာထုတ်လုပ်ရာ ကမ္ဘာ့အချက်အခြာနေရာဖြစ်လာနေပြီး ၂၀၂၄ခုနှစ်တွင် နည်းပညာသုံးရေ်ဘာထုတ်ကုန်များတင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၄ဘီလီယံရောက်ရှိရန်မျှော်မှန်းရကြောင်း ဟိုချီမင်းမြို့တော် ‌ရေ်ဘာနှင့် ပလတ်စတစ်ထုတ်လုပ်သူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Nguyen Quoc Anh ကပြောကြားခဲ့ပါသည်။ ဗီယက်နမ်ရေ်ဘာနှင့် ပလတ်စတစ်ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုများအရှိန်မြှင့်တင်နေပြီး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရန် ပြန်လည်အသုံးပြုနိုင်သော (recycle) ပစ္စည်းများကို ပေါင်းစပ်အသုံးပြုနေကြောင်းသိရပါသည်။ များစွာသော ဗီယက်နမ်ကုမ္ပဏီများသည် နိုင်ငံတကာမိတ်ဖက်များထံမှ ကြီးမားသော မှာယူမှုများလက်ခံရရှိနေကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၏ နောက်ဆုံးလများတွင် တာယာလုပ်ငန်းအတွက် မှာယူမှုများသည် နှစ်အစပိုင်းကာလနှင့်နှိုင်းယှဉ်ပါက ၁၀~၁၅% ထိမြင့်တက်ခဲ့ကြောင်းနှင့် နည်းပညာသုံးရေ်ဘာထုတ်ကုန်မှာယူမှုများမှာ ၂၀~၃၀% ထိမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အဘယ်ကြောင့်ဆိုသော် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် အခြားနိုင်ငံများနှင့် အရည်အသွေးနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်စေရန် ပြည်တွင်းကုန်ကြမ်းပစ္စည်းများကိုရယူအသုံးပြုနေကြောင်းသိရပါသည်။ Anh ၏အဆိုအရ ရေ်ဘာနှင့် ပလတ်စတစ်ကုမ္ပဏီများသည် စိမ်းလန်းပြီး စက်ဝိုင်းပုံစီးပွားရေးအတွက် ရည်ရွယ်၍ နိုင်ငံတကာဈေးကွက် အထူးသဖြင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ပါဝင်သော အရှေ့မြောက်အာရှဈေးကွက်များထံမှ တောင်းဆိုချက်ပြည့်မီရန် ကုန်ထုတ်လုပ်ရာတွင် ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်များအသုံးပြုမှုမြင့်တက်နေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသယံဇာတအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ဥပဒေရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Phen Tuen Hung က ဗီယက်နမ်ပလတ်စတစ်ထုတ်ကုန်များသည် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်းနှင့် ပလတ်စတစ်ထုတ်ကုန်များအတွက် ကမ္ဘာ့လိုအပ်ချက်များပြည့်မီရန် ဗီယက်နမ်ပလတ်စတစ်နှင့် ရေ်ဘာလုပ်ငန်းသည် စက်ဝိုင်းပုံစီးပွားရေးဦးတည်မှုကိုချိန်ညှိရန် သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်သောစည်းများနှင့် နည်းပညာသစ်များကို ရှာဖွေရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

Source : Vietnam Plus      

DOCA(ရန်ကုန်)