Main menu

ဆိပ်ဖြူကြက်သွန်နီ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများလာပြီး ဈေးတက်၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းများမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးမှုများသော ကံတွင်း၊ အနောက်ကမ်းဖြူ၊ ဆင်နီတောင်၊ ဒေါသာ၊ ကစွယ်၊ ဇီးတော်ပင်၊ တပေါင်း၊ ရွာမကျေးရွာများနှင့် အခြားမြို့နယ်များဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ(၅)သောင်း၊ တစ်ပတ် အတွင်း ပိဿာ(၄)သိန်းခန့် ဆိပ်ဖြူ ကြက်သွန်နီပွဲရုံ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ(တတိယပတ်)တွင် ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ ကြက်သွန်နီ တောဈေး(ဂျွန်) တစ်ပိဿာကျပ်(၂၆၀၀ - ၂၂၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ဥအကြီးအရွယ်အစား၊ အရောင်အဆင်း လိုက်၍ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၃၅၀၀ - ၃၀၀၀) ဈေးဖြင့် ဒေသတွင်း နေရာအနှံ့အပြား ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်အပြင် ပြည်ပအဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်လာကြောင်း၊  အရောင်းအဝယ်ဖြစ်မှုများပြီး ပြည်ပအဝယ်လိုက်လာ၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ယခင်အောက်တိုဘာ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု(တတိယပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၆၀၀)ခန့် ဈေးနှုန်းမြင့်တက်လာ ကြောင်း၊ နေ့စဉ် ဆိပ်ဖြူမြို့မှ ကြက်သွန်နီတင်ပို့မှု ကားအစီးရေ(၁၂)စီး၊ တစ်ပတ်အတွင်း အစီး (၆၀)ခန့် ကုန်စည်စီးဆင်း လျက်ရှိကြောင်း သိရသည်။

    ဈေးကွက်အနေဖြင့် ဒေသတွင်းကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ အောက်တိုဘာလ(တတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ (၄)သိန်း၊ တန်ချိန်အားဖြင့် (၆၅၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ  သိရှိရပါသည်။

DOCA(မကွေး)