Main menu

CCC မှ ရေရှည်တည်တံ့သော ဖြေရှင်းနည်းများရှာဖွေရန် ကုန်သည်များအားလက်တွဲရန် တောင်းဆို

Powered by Drupal

        ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (The Cambodia Chamber Of Commerce) (CCC) သည် မြို့တော်ရှိကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာ စီးပွားရေးအသင်းအဖွဲ့များအား ၎င်းတို့၏ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် ထိရောက်သော ဖြေရှင်းနည်းများရှာဖွေရန်အဆိုပြုချက်များကို CCC သို့တင်ပြရန် တောင်းဆိုထားသည်။ ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်းသည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုပြီး တော်ဝင်အစိုးရနှင့် လက်တွဲလုပ်ဆောင်ရမည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် အဖွဲ့ဝင်အဖြစ် နှစ်၂၀ပြည့်အခမ်းအနားတွင် ဝန်ကြီးချုပ် Hun Manet ကပြောကြားခဲ့သည်။ CCC မှ တနင်္ဂနွေနေ့တွင် ၎င်း၏လူမှုကွန်ရက်တွင် ဖော်ပြချက်အရ ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်းသည် အစိုးရ-ပုဂ္ဂလိကကဏ္ဍဖိုရမ် (G-PSF) ဖြင့်ညှိနှိုင်းဖြေရှင်းရာတွင် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုသောအဖွဲ့အစည်းဖြစ်ပြီး လုပ်ငန်း (၁၆) ခု၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ (၈) ဖွဲ့ပါဝင်သည်။ ထို့ပြင် စိန်ခေါ်မှုများအတွက် အဖြေရှာရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်တွင်းနှင့်ပြည်ပစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုမြှင့်တင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံပြောကြားခဲ့သည်။ ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်းသည် နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများကိုပိုမိုကောင်းမွန်စေရန် ပံ့ပိုးကူညီခြင်းဖြင့် အစိုးရ၏ ပုဂ္ဂလိကကဏ္ဍနှင့် အဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအားလုံး၏ စိန်ခေါ်မှုများနှင့် စိုးရိမ်မှုများကိုဖြေရှင်းပေးမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ “ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်းသည် နိုင်ငံတော်နှင့်လက်တွဲဆောင်ရွက်ရန် ပုဂ္ဂလိကကဏ္ဍ၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သင့်သည်” ဟု ဝန်ကြီးချုပ် Hun Manet က လေးနက်စွာပြောကြားခဲ့သည်။

Source : Khmer Time

DOCA(ရန်ကုန်)