စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒုကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် သာကေတမြို့နယ်၊ ဧရာဝဏ် City Mark မှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၂၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် သာကေတမြို့နယ်၊ ဧရာဝဏ် City Mark မှ သောက်ရေသန့်အမျိုးမျိုးဖြစ်သော Designer၊ TOURIST၊ Max၊ ALPINE၊ စံပါဦး စသည့် သောက်ရေသန့်အမျိုးမျိုးမှာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်မှဝန်ထမ်းများကို စားသုံးသူများအား သတင်းအချက်အလက်များအပြည့်အဝပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအား သိရှိလိုက်နာစေရန် အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)