(၂၂-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ အမှတ် (၁)ဈေးအတွင်း ဈေးစည်ပင်သာယာရေးရုံးခန်းမ၌ ဈေးသူ/ ဈေးသားများအားခေါ်ယူ၍ အွန် လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဟောပြောခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က အသိပညာပေးဟောပြောရာတွင် ယခုခေတ်ကာလ၌ အွန်လိုင်းစနစ်ဖြင့် စားသုံးသူများသည် ၎င်းတို့၏လိုအပ်ချက်အရ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုလာကြသည့်အတွက် တန်ဖိုးနှင့်အညီငွေပေးချေဝယ်ယူကြရာ "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ကို အပြည့်အဝနားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားခြင်းနှင့် နစ်နာမှုများမကြုံတွ့ကြရစေရန်၊ စားသုံးသူများက ကုန်စည်နှင့်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးအတွက် ရောင်းဝယ်မှုလုပ်ငန်းများအားလုံး စနစ်တကျ ထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ခြင်းနှင့် မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူအသုံးပြုကြရန်၊ အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)