Main menu

အခြေခံစားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်းစိန်ဈေးတာဝန်ခံနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းစာရင်းများအား ကွင်းဆင်းကောက်ယူခြင်းကို ၂၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အင်းစိန်ဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ရာတွင် အင်းစိန်ဈေးအတွင်းရှိ ရွှေဆန်လွင်ဆန်ဆိုင်၊ ဦး စိန်မြင့်ဆီဆိုင်၊ နေလကုန်မျိုးစုံဆိုင်၊ စိန်ဟင်္သာငရုတ်သီးမှုန့်မျိုးစုံဆိုင်၊ ဦးမာမက်ဂျလား (ကြက်သား)ဆိုင်၊ ဒေါ်အေး(ဝက်သား)ဆိုင်၊ ဦးမောင်မောင်(ဆိတ်သား/ အမဲသား)ဆိုင်၊ ဦးထွန်းနိုင် (ရေချို/ ရေငန်ငါး)အရောင်းဆိုင်၊ ဦးစောထွေး (ကြက်ဥ/ ဘဲဥ)အရောင်းဆိုင်၊ ဒေါ်ကြည်ကြည်မာ (ငါးပိ) အရောင်းဆိုင်နှင့် ဒေါ်အေးအေးမော် ပုစွန်ခြောက်နှင့်ငါးခြောက်အရောင်းဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းစာရင်းများအား ကွင်းဆင်းကောက်ယူခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)