Main menu

စားသုံးသူကာကွယ်ရေးအသိပညာဟောပြောပွဲကျင်းပ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် အောက်တိုဘာလ (၂၂)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အ.လ.က(၁၀) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအခွင့်အရေး၊ တာဝန်များသိရှိစေရန်နှင့် စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးဟောပြောပွဲသို့ဆရာ/ ဆရာမအပါအဝင် ကျောင်သား/ ကျောင်းသူ စုစုပေါင်း(၉၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ဦးတင်ဌေး၊ရုံးအုပ်ကစားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများနှင့် ပတ်သက်၍ကျောင်းသား/ ကျောင်းသူများသိသင့်သိထိုက်သောဗဟုသုတများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများပေါ်ပေါက်လာပါက တိုင်ကြားနိုင်ကြောင်းစသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)