Main menu

ထားဝယ်မြို့ရှိဆန်အရောင်းဆိုင်များအား သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

            ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့၊ (၀၁း၃၀) နာရီအချိန်မှ (၀၃း၀၀)နာရီအချိန်ထိ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးစီးအရာရှိဒေါ်သီတာ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးအေးလွင်၊ စစစမှ စုံစမ်းရေးမှူး ဦးခန့်ကိုကိုဖုန်းနှင့် မြို့နယ်စည်/ ပင်မှ ဒုဦးစီးမှူး ဦးရဲကျော်စွာ တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် ထားဝယ်မြို့၊ ဇရစ်ရပ်ကွက်၊ ကလောင်ဆွေလမ်းရှိ ဦးဟန်ဌေး၏ “ရွှေလိပ်ပြာ”ဆန် အရောင်းဆိုင်အပါအဝင် ဆန်အရောင်းဆိုင် (၅) ဆိုင်တို့အား သတ်မှတ်ထုတ်ပြန်ထားသည့် စည်း ကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊ ဆန်များအပေါ်စျေးနှုန်းမြင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းများပျက်လပ်မှုရှိ/ မရှိ အခြေအနေများ၊ ဆန်အိတ်များ စနစ်တကျသိုလှောင်ထားရှိမှုများ ဆောင်ရွက်ထားခြင်းနှင့် အရည်အသွေးပြည့်မှီခြင်းရှိ/ မရှိ စသည့်ရောင်းချခြင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ အဆိုပါ သတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါ ဆန်အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီရောင်းချလျက်ရှိပြီး ထူးခြားမှုတစ်စုံတစ်ရာမရှိကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)