စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၂-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ ဒု-မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်(၂)၊ ဆန်စက်လုပ်ငန်းရှင်၊ ဆန်/စပါးကုန်သည်များနှင့်တွေ့ဆုံ၍ ဆန်/ စပါးကုန်သည်များအသင်းဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ဆန်/စ ပါးကုန်သည်အသင်းဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခြင်း၊ အသင်းဖွဲ့စည်းမည့် အခြေအနေကိစ္စရပ်များကိုညှိနှိုင်းခြင်း၊ ဆန်စပါးဆိုင်ရာမူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများအား လိုက်နာရန်လိုအပ်ကြောင်း၊ ဆန်စပါးပြည်ပပို့ကုန်လုပ်ငန်းသည် အလွန်အရေးပါသည့် ကဏ္ဏဖြစ်လာမည်ဖြစ်၍ မြို့နယ်ဆန်စပါးကုန်သည်အသင်းဖွဲ့စည်းနိုင်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းအမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နိုင်သူများကို ရွေးချယ်တင်မြှောက်ပြီး လက်ရှိဆန်စပါးစျေးကွက်အခြေအနေ တည်ငြိမ်စေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်/ စပါးကုန်သည် (၁၆)ဦးတက်ရောက်ခဲ့ပြီး အသင်းဝင် (၉)ဦးဖြင့် ဆန်/ စပါးကုန်သည်အသင်းအား ဖွဲ့စည်းဆောင်ရွက်ပြီးကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)